အာသီးရောင်ခြင်း။ (ပသိရောင်ခြင်း) (၂)

Standard

လူတော်တော်များများ ခံစားဖူးတဲ့ အာသီးရောင်ခြင်း လက္ခဏာတွေကတော့

ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချမ်းဖျားဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ လည်ပင်း နာကျဉ် ရောင်ရမ်းခြင်း၊ အာသီး ရောင်၍ နီရဲနေခြင်း၊ လည်ပင်းသို့မဟုတ် နားရွက်တွင် နာကျဉ်တတ်ခြင်း၊ အာသီးတွင် အဖြူစက်များ ဖြင့်ပြည့်နှက်နေခြင်းနှင့် ပါးစပ်ဖွင့်ရန်နှင့် အစားအသောက်များ မျိုချရန် ခက်ခဲခြင်း တို့ဖြစ်ကြပါတယ်။

ဆေးလိပ်သောက်ခြင်း၊ မှို၊ ကပ်ပါးကောင်၊ ဘက်တီးရီးယားများနှင့် ဗိုက်ရပ်စ်ပိုးမွားတို့ကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲခြင်းနှင့် မမျှော်လင့်ပဲ လေအေးမိခြင်း တို့ကြောင့်လဲ အာသီးရောင်ရမ်း တတ်ပါတယ်။

သေသေချာချာ မကုရင် နောက်ဆက်တွဲ ခံစားရမဲ့ ရောဂါတွေ ရှိတာကြောင့် ဆရာဝန်နဲ့ အထူးတလည် တိုင်ပင် ကုသသင့်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်နှင့် မတွေ့ခင်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ ဆေးနည်းများနှင့် ကုသချင်ရင်တော့

(၅)

♦သံပရာရည်ကို သကြား၊ ဆားတို့နှင့် မိမိနှစ်သက်သော အရသာအတိုင်းဖျော်၍ တနေ့လျှင် တစ်ခွက် (၂၄၀ ML)ခန့် သောက်သုံးပါ။

Continue reading

အာသီးရောင်ခြင်း။ (ပသိရောင်ခြင်း) (၁)

Standard

လူတော်တော်များများ ခံစားဖူးတဲ့ အာသီးရောင်ခြင်း လက္ခဏာတွေကတော့

ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချမ်းဖျားဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ လည်ပင်း နာကျဉ် ရောင်ရမ်းခြင်း၊ အာသီး ရောင်၍ နီရဲနေခြင်း၊ လည်ပင်းသို့မဟုတ် နားရွက်တွင် နာကျဉ်တတ်ခြင်း၊ အာသီးတွင် အဖြူစက်များ ဖြင့်ပြည့်နှက်နေခြင်းနှင့် ပါးစပ်ဖွင့်ရန်နှင့် အစားအသောက်များ မျိုချရန် ခက်ခဲခြင်း တို့ဖြစ်ကြပါတယ်။

ဆေးလိပ်သောက်ခြင်း၊ မှို၊ ကပ်ပါးကောင်၊ ဘက်တီးရီးယားများနှင့် ဗိုက်ရပ်စ်ပိုးမွားတို့ကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲခြင်းနှင့် မမျှော်လင့်ပဲ လေအေးမိခြင်း တို့ကြောင့်လဲ အာသီးရောင်ရမ်း တတ်ပါတယ်။

 

သေသေချာချာ မကုရင် နောက်ဆက်တွဲ ခံစားရမဲ့ ရောဂါတွေ ရှိတာကြောင့် ဆရာဝန်နဲ့ အထူးတလည် တိုင်ပင် ကုသသင့်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်နှင့် မတွေ့ခင်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ ဆေးနည်းများနှင့် ကုသချင်ရင်တော့

(၁)

♦ ကျောက်ချဉ် အနည်းငယ်ကို အမှုန့်ပြုလုပ်ပါ။ ပြီးလျှင်ဒယ်အိုးတွင်ထဲ့၍ မီးအပူပေးပါ။ မီးခြစ်ဆံခေါင်း ပမာဏခန့်ကို နွားနို့ နွေးနွေး တစ်ခွက်နှင့် ရောပြီး တနေ့လျှင် တကြိမ်သောက်ပါ။ သက်သာပါက ဆက်မသောက်ပါနှင့်၊ တနေ့လျှင် တစ်ကြိမ်ထက် ပိုမသောက်ပါနှင့်။ Continue reading

ဒူးနာပျောက်ဆေး အလွယ်နည်းများ(၃)

Standard

ဒူးနာပျောက်ဆေး အလွယ်နည်းများ (၁) နှင့် (၂) ကို ရှေ့တွင် ဖေါ်ပြခဲ့ပြီး ယခုဖေါ်ပြမှာကတော့ အရွတ်ကြောင့် ဖြစ်တတ်တဲ့ ဒူးနာ၊ လက်ကောက်ဝတ၊် လက်ချောင်း၊ တံတောင်ဆစ်၊ ခြေဖနောင့်နှင့် ပုခုံး အစရှိသည်တို့ ကိုက်ခဲနာကျဉ်ခြင်းကို သက်သာစေနိုင်မည့် လွယ်ကူသည့် ဆေးနည်းများ ဖြစ်ကြပါတယ်။

♣ ဆေးနည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ မည်သည့် နည်းကိုပင်သုံးစွဲ ကုသမှုပြု လုပ်ပါစေ နောက်ဆုံးမှာတော့ နာကျဉ်၊ယောင်ရမ်းခြင်း အကြောင်းတရားကို သေချာစွာ သိနိုင်တာကတော့ ဆရာဝန်နှင့် အရိုးရောဂါ ကုသမှု ဆိုင်ရာ ဆေးပညာရပ် ကျွမ်းကျင်သူများသာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါ။

♣ သူတို့ကသာ အနာနှင့်ဆေး သင့်တော်အောင်ပေးပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်စေခြင်းဖြင့် အရိုးအဆစ်များ ပြန်လည် ကျမ်းမာ သန်စွမ်း လာမှာဖြစ်ပါတယ်။

♦ ဆေးနည်း(၈)

အရွတ်ကြောင့် ဖြစ်တတ်တဲ့ ရောင်ခြင်း၊ နာကျဉ်ခြင်းတို့ကို သက်သာစေနိုင်တဲ့ အရာကတော့ Apple Cider Vinegar ပဲဖြစ်ပါတယ်။ ယင်းကို သောက်သုံးခြင်းဖြင့် အထွေထွေ ကျန်းမာရေးကို တိုးတက်စေ၍ အရွတ်ကြောင့် ဒဏ်ဖြစ်ပွားသော နေရာပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေး ခြင်းဖြင့်လဲ အသုံးပြုနိုင်သည်။

အနည်းငယ်နွေးသော ရေ ၂၀၀ မီလီလီတာခန့်နှင့် Apple Cider Vinegar လက်ဖက်ရည် ဇွန်း တဝက်ခန့်၊ ပျားရည် လက်ဖက်ရည် တစ်ဇွန်းခန့်တို့ကို ရောစပ်ပြီး တနေ့လျှင် ၂ကြိမ်မှာ ၃ကြိမ်ထိ သောက်သုံးနိုင်သည်။ Continue reading

ဒူးနာပျောက်ဆေး အလွယ်နည်းများ(၂)

Standard

ဒူးနာပျောက်ဆေး အလွယ်နည်းများ (၁)ကို ရှေ့တွင် ဖေါ်ပြခဲ့ပြီး ယခုဖေါ်ပြမှာကတော့ အရွတ်ကြောင့် ဖြစ်တတ်တဲ့ ဒူးနာ၊ လက်ကောက်ဝတ၊် လက်ချောင်း၊ တံတောင်ဆစ်၊ ခြေဖနောင့်နှင့် ပုခုံး အစရှိသည်တို့ ကိုက်ခဲနာကျဉ်ခြင်းကို သက်သာစေနိုင်မည့် လွယ်ကူသည့် ဆေးနည်းများ ဖြစ်ကြပါတယ်။

♣ ဆေးနည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ မည်သည့် နည်းကိုပင်သုံးစွဲ ကုသမှုပြု လုပ်ပါစေ နောက်ဆုံးမှာတော့ နာကျဉ်၊ယောင်ရမ်းခြင်း အကြောင်းတရားကို သေချာစွာ သိနိုင်တာကတော့ ဆရာဝန်နှင့် အရိုးရောဂါ ကုသမှု ဆိုင်ရာ ဆေးပညာရပ် ကျွမ်းကျင်သူများသာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါ။

♣ သူတို့ကသာ အနာနှင့်ဆေး သင့်တော်အောင်ပေးပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်စေခြင်းဖြင့် အရိုးအဆစ်များ ပြန်လည် ကျမ်းမာ သန်စွမ်း လာမှာဖြစ်ပါတယ်။

♦ဆေးနည်း (၅)

ရေခဲကို အဝတ်ပါး၊ မျက်နှာသုတ် ပုဝါစသည်တို့နှင့် ပတ်၍ နာကျဉ်နေသော နေရာပေါ်တွင် ၁၅မိနစ်ခန့် ကပ်ပါ။ ဒီရိုးရှင်း ထိရောက်တဲ့နည်းကို တစ်နေ့ထဲမှာ ကြိမ်ဖန်များစွာ ပြုလုပ်ပေးနိုင်ပါတယ်။ Continue reading

ဒူးနာပျောက်ဆေး အလွယ်နည်းများ။

Standard

အသက်အရွယ် အရသော်လည်းကောင်း

ထိခိုက်ဒါဏ်ရာ များကြောင့် လည်းကောင်း

အဆစ်ယောင် ရောဂါများ ခံစားနေရ ခြင်းတို့ကြောင့်

ဒူးနာခြင်း ဝေဒနာကို ခံစားရတတ်ပါတယ်။

အနည်းငယ် နာကျဉ်မှု ခံစားရခြင်း၊ သို့မဟုတ် ပြင်းထန်စွာ နာကျဉ်မှု ခံစားရခြင်းတို့ကြောင့် သွားလာလှုပ်ရှားမှုကို အနှောက်အယှက် ဖြစ်စေပါတယ်။

ဒူးခေါင်းဟာ ကိုယ်ခန္ဓာရဲ့ အကြီးဆုံး အဆစ်ဖြစ်တာနဲ့ အညီ ယောင်ရမ်း၊ နာကျဉ်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆရာဝန် သမားတော် တို့နှင့် အမြန်ဆုံး ပြသသင့်ပါတယ်။

လူအများစုကတော့ ပေါ့ပေါ့ပဲ သဘောထားပြီး ကုသမှု ခံယူခြင်း သိပ်မလုပ်ကြပါဖူး။ ဘယ်လိုမှ မခံမရပ်နိုင်တော့မှပဲ ကုသမှုခံယူခြင်း ပြုလုပ်လေ့ ရှိပါတယ်။ Continue reading

နွေရာသီအတွက် အကောင်းဆုံး ထန်းသီး။

Standard

မြန်မာပြည် အလယ်ပိုင်းနဲ့ အခြားနေရာများပါ အလွယ်တကူ တွေ့ရှိနိုင်တဲ့ ထန်းသီးဟာ အခုလို အလွန်ပူပြင်းတဲ့ ရာသီအတွက် သဘာဝ ဓာတ်စာဆိုရင်လဲ မမှားပါဖူး။

အခုရက်ပိုင်းအတွင်းမှာဆိုရင် မြန်မာပြည်မှာ ရာသီဥတု အပူချိန်အလွန် မြင့်တက်လာတဲ့ အတွက် မိုးလေဝသ ကျွမ်းကျင်သူတွေကတောင် သတိပေးပြောဆိုချက်တွေ ထုတ်ပြန်နေရပါတယ်။

ဒီလိုပူပြင်းလှတဲ့ အချိန်မျိုးအတွက် သဘာဝတရားက လူသားတို့အတွက် ထူးခြားဆန်းကြယ်စွာ ဖန်တီးပေးထားတဲ့ ထန်းသီးရဲ့ အသုံးဝင်ပုံတွေကို အသိပေးချင်ပါတယ်။

ထန်းသီးကို မသိသူအလွန်ရှားပါတယ်။ အသီးဟာ အလင်းထိုးဖေါက်နိုင်တဲ့ အရည်လဲ့နေတဲ့ အဖြူရောင် စားချင်စဖွယ် အသီးဖြစ်ပါတယ်။ ရာသီဥတု အပူဒါဏ်အတွက် မွန်းလွဲပိုင်းမှာ စားသုံးသင့်ပါတယ်။ Continue reading

ချွဲ၊ သလိပ်၊ နှာရည် တို့အလွယ်တကူ ပျော်စေရန်။

Standard

ချောင်းဆိုးခြင်း၊ အအေးပတ်ခြင်းတို့ဟာ အပယိက ဖျားနာမှု ဆိုပေမဲ့ ကိုယ်လက်မအီမသာ နှင့် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ နေ့ဖက်မှာတော့ အဆင်ပြေအောင် သီးခံနေနိုင်ပေမဲ့ ညဖက်ကျရင်တော့ အဆင်မပြေတော့ပါဖူး။ အထူးသဖြင့် အလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ် လာတဲ့ အချိန်တွေဆိုရင် ပိုလို့တောင် ဆိုးပါတယ်။

များသောအားဖြင့် ကလေးငယ်တွေမှာ ရောဂါပိုးမွားတွေကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအား မလုံလောက်ချိန်မှာ အအေးပတ်ခြင်း၊ တုပ်ကွေး စသည်တို့ ဖြစ်တတ်ကြပါတယ်။

အအေးပတ် ချောင်းဆိုးချိန်မှာ ချောင်းဆိုးပျောက် ဆေးရည်က အသင့်တော်ဆုံးလို့ ထင်ကြတယ်။ ဒီဆေးရည်ရဲ့ အဓိကလုပ်ဆောင်ချက်က ဦးနှောက်ကို ပို့လွတ်ပေးမဲ့ ချောင်းဆိုးစေဖို့ အချက်ပြခြင်းကို မပို့လွတ်နိုင်အောင် ထိန်းချုပ်ပေးခြင်း ဖြစ်ပါတယ်။

Continue reading

ခန္ဓာကိုယ် သန့်စင်ပြီး သွေးလှဲ့ပတ်မှုကောင်းမွန်စေရန်။

Standard

အထွေထွေ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် တုပ်ကွေးရောဂါတို့ကို ကာကွယ်ရန်နှင့် ကုသရန်အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတခုကို တင်ပြလိုပါတယ်။

 

မီးဖိုချောင်နဲ့ အိမ်တိုင်းလိုလိုမှာ ရှိတတ်တဲ့ ကြက်သွန်နီကို ခြေဖဝါးမှာ အလွာသဘောမျိုးအနေနဲ့ ပြုလုပ်ပြီး ကြက်သွန်နီရဲ့ အာနိသင် စီးဝင်စေခြင်းဖြစ်ပါတယ်။

ဟိုအရင် ဘိုးဘေးဘီဘင် လက်ထက်များတုန်းက ဆေးဝါးတွေ မပေါ်သေးတဲ့ အချိန်မှာ ယင်းကို အနာရောဂါများ ပျောက်ကင်းစေရန် အသုံးပြုခဲ့ကြပါတယ်။

 

ခြေဖဝါးဟာ ကျန်းမာရေးအတွက် ဗဟိုချက်မ တခုဖြစ်တယ်ဆိုတာ ကြားဖူး နားဝ ရှိကြပါလိမ့်မယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းဟာ ခြေဖဝါးကနေတဆင့် ကျန်းမာရေးကို အထောက်ကူ ပြုနိုင်ပါတယ်။

 

လိုအပ်တဲ့ အရာတွေကတော့

၁။ ကြက်သွန်နီ

၂။ ပလတ်စတစ် အကြည် (မီးဖိုချောင်သုံး)

၃။ ခြေအိတ် တို့ပဲဖြစ်ကြပါတယ်။ Continue reading

မိခင်နို့ရည် အသုံးဝင်ပုံများ။

Standard

မိခင်နို့ရည် တိုက်ကျွေးခြင်းဟာ ဘယ်လောက်အရေးပါ အရာရောက်တယ်ဆိုတယ် ဆိုတာ လူအတော်များများ နားလည်သိရှိထားကြပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကပဲ မိခင်နှင့် ကလေးကြားမှာ သံယောဇဉ် ပိုမိုတိုးတက်ကာ တဦးကိုတဦး ပိုမိုချစ်ခင်စေပါတယ်။

ဆေးပညာ ရှုဒေါင့်မှ ကြည့်လျှင်လည်း ကလေးတင်မကပဲ လူကြီးများအတွက်ပါ အဘက်ဘက်မှ အကျိုးပြုတာကို တွေ့ရှိနိုင်ပါတယ်။

တရုတ်လူမျိုးများတွင် နေမကောင်းဖြစ်နေသူ များအတွက် မိခင်နို့ရည်က အဟာရ အထူး ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြသည့်အတွက် လည်းကောင်းကို ချမ်းသာကြွယ်ဝမှု အတွက် သောက်သင့်သည့် အရည်ဟု တင်စားခေါ်ဝေါ်ကြသည်။

 

ကလေးသူငယ်တွေကို ကြည့်လိုက်ရင်လဲ သဘာဝ မိခင်နို့ရည်မှ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ အစာအိမ်နှင့် ပက်သက်သော ရောဂါများ၊ ဝမ်းသွားခြင်းနှင့် ရင်ကြပ်ရောဂါတို့ကို ကာကွယ် ပေးထားကို တွေ့မြင်နိုင်ပါတယ်။

 

ဒါ့ကြောင့်မို့လို့ မိမိအိမ်မှာဖြစ်ဖြစ် အနီးပတ်ဝန်းကျင်မှာဖြစ်ဖြစ် မိခင်နို့ရည်ရှိရင် အလဟသ မဖြစ်စေပဲ အောက်ပါ ဝေဒနာများကို ကာကွယ်ကုသနိုင်ကြောင်း အသိပေးချင်ပါတယ်။

♦ ၁။ နားနှင့် ပက်သက်သော ရောဂါများ။

ကလေးများနှင့် လူကြီးများတွင် နားနှင့်ပက်သက်သော ရောဂါကူးစက်မှု ရှိပါက မိခင်နို့ရည်ကို နားအတွင်းသို့ ထဲ့ပေးပါ။

♦၂။ မျက်စိအတွက် အသုံးပြုနိုင်ခြင်း။

မိခင်အများစုဟာ နို့ရည်ကို ဘက်တီးရီးယားဝင်ရောက်တဲ့ အနာတွေမှာ အသုံးပြုကြပါတယ်။ မျက်စိနာ အတွက် နို့ရည် ၂စက်ကို မျက်လုံးတွင်း သို့ ခပ်ပေးပါ။

♦ ၃။ လည်ချောင်းနာ သက်သာစေခြင်း။

အာလုပ်ကျင်းခြင်း သို့မဟုတ် အနည်းငယ် သောက်ခြင်းဖြင့် လည်ချောင်းနာ ဝေဒနာကို သက်သာစေသည်။ မွေးကင်းစ ကလေးများ လည်ပင်းရောင်ခြင်း လက္ခဏာများကို သက်သာစေနိုင်သည်။

♦ ၄။ အနာပျောက်ကင်းစေခြင်း။

အရေပြား ယားယံခြင်း၊ ပျားတုပ်ခံရခြင်း၊ မီးအပူလောင်ခြင်းနှင့် ပိုးသတ်ခြင်းများတွင် နို့ရည်ကို အရေပြားပေါ်တွင် သုတ်လိမ်းခြင်းဖြင့် ဒါဏ်ရာကို ပျောက်ကင်းစေပြီး ရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

♦ ၅။ မျက်နှာသန့်စင်ဆေး

အရေပြားနှင့် ဝက်ခြံတို့အတွက် အလွယ်ကူဆုံး ဆေးဖြစ်သည်။ မျက်နှာကို အရင်ရေဖြင့် ဆေးကြောပြီး ဝက်ခြံပေါက်နေတဲ့ နေရာမှာ လိမ်းပါ။ ခြောက်သွေ့အောင်ထားလိုက်ပါ။

မျက်နှာသန့်စင် အရည်အဖြစ် အသုံးပြုချင်ရင်တော့ မျက်နှာပေါ်မှာ နို့ရည်ကို သုတ်လိမ်းပါ။ ပြီးရင် အဝတ်သန့်သန့်လေးနဲ့ သုတ်လိုက်ပါ။

♦ ၆။ အစားအစာများနှင့် တွဲဖက်စားသုံးနိုင်ခြင်း။

လူသားတို့ရဲ့ မိခင်နို့ရည်ဟာ ကင်ဆာဆဲလ် အချို့ကို တိုက်ဖျက်နိုင်ကြောင်း တွေ့ရှိထားတဲ့ အတွက် မနက်စာ စားသောက်ချိန်တွေမှာ ကော်ဖီ သို့မဟုတ် နံနက်စာတို့မှာ နွားနို့အစား မိခင်နို့ရည် အစားထိုးပြီး အသုံးပြုနိုင် ပါတယ်။

ဆက်စပ်ပို့စ်များဖတ်ရန်။

♥မျက်နှာ အသားအရည်ကို ကြည်လင်ချောမွတ်စေသည့် သဘာဝနည်း (Face Toner) (၃)( http://wp.me/p4XsLz-67)

♥မိခင်လောင်းများအတွက် အုန်းသီးနုရည်(http://wp.me/p4XsLz-6d)

♥မျက်နှာအဆီပြန်သူ တို့အတွက် အုန်းရည်။(http://wp.me/p4XsLz-6V)

♥ဝက်ခြံအတွက်_စိတ်ညစ်နေသူများ (http://wp.me/p4XsLz-93)

♥နို့ရည်တိုက်ကျွေးနေသော နတ်မိမယ်လေးများ (http://wp.me/p4XsLz-8J)

 

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com

ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရင်သားလှအောင် ထိန်းသိမ်းစောင့်ရှောက်နည်း (၂)

Standard

♦လေ့ကျင့်ခန်း ပြုလုပ်ခြင်း♦

တင်းတင်းရင်းရင်း မရှိသော ရင်သားပိုင်ရှင်များအဖို့ ရင်သားတစ်ရှုးများ၊ ရင်အုပ်ကြွက်သားပိုင်းဆိုင်ရာများနှင့် ဆက်စပ်သည့် လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးရမည်။

လေ့ကျင့်ခန်း လုပ်ရာတွင် ရင်သားကို ထောက်ပံ့ပေးသည့် အားကစားသမားသုံး ဘရာစီယာကို ဝတ်ဆင်သင့်သည်။

♦သံလွင်ဆီနှင့် နှိပ်နယ်ပေးခြင်း။♦ Continue reading