ရင်သားလှအောင် ထိန်းသိမ်းစောင့်ရှောက်နည်း (၂)

Standard

♦လေ့ကျင့်ခန်း ပြုလုပ်ခြင်း♦

တင်းတင်းရင်းရင်း မရှိသော ရင်သားပိုင်ရှင်များအဖို့ ရင်သားတစ်ရှုးများ၊ ရင်အုပ်ကြွက်သားပိုင်းဆိုင်ရာများနှင့် ဆက်စပ်သည့် လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးရမည်။

လေ့ကျင့်ခန်း လုပ်ရာတွင် ရင်သားကို ထောက်ပံ့ပေးသည့် အားကစားသမားသုံး ဘရာစီယာကို ဝတ်ဆင်သင့်သည်။

♦သံလွင်ဆီနှင့် နှိပ်နယ်ပေးခြင်း။♦

သံလွင်ဆီကို လက်ဖဝါးထဲသို့ အနည်းငယ်လောင်း၍ လက်ဖဝါးနှစ်ဖက်ကို ပွတ်ပါ(ကျပ်ထုတ်ထိုးသကဲ့သို့)

သွေးလှည့်ပတ် စီးဆင်းမှု ကောင်းမွန်စေရန်နှင့် ဆဲလဲများ ပြန်လည်အင်အား ပြည့်ဖြိုးစေရန် ရင်သားကို အပေါ်ဖက်သို့ ပင့်တင်ပြီး ပွတ်၍ နှိပ်နယ်ပေးပါ။ ၁၅မိနစ်ခန့် ဆက်တိုက်ပြုလုပ်ပါ။

ဤနည်းလမ်းကို တပတ်လျှင် ၄ကြိမ်မှ ၅ကြိမ်ထိ ပြုလုပ်ပါ။ သံလွင်ဆီ တမျိုးထဲ မဟုတ်ပဲ အခြားဆီများကို အသုံးပြုနိုင်ပါသည်။

♦Shea Butter♦

အခွံမာသီး တမျိုးကနေ ထုတ်လုပ်ထားတဲ့ Shea Butter ဟာ ဗိုက်တာမင် အီး ကြွယ်ဝတဲ့ အတွက် ရင်သား အရေပြား ပြန်လည် တင်းမာလာဖို့ အသုံးပြုနိုင်သည်။

ယင်းကို အသုံးပြုပြီး ရင်သားကို အပေါ်ဖက်လားရာနှင့် စက်ဝိုင်းကဲ့သို့ ပွတ်သပ်နှိပ်နယ် ပေးရမည်။၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးလျှင် ၁၀မိနစ် ထားပါ။ အားလုံးပြီးနောက် ရေဖြင့် ဆေးကြောနိုင်သည်။

အကောင်းဆုံး ရလဒ် ရနိုင်ရန်အတွက် တပတ်လျှင် ၃ကြိမ်မှ ၄ကြိမ်ထိ ပြုလုပ်ပါ။

♦လျှားဇောင်းလက်ပတ်♦

ရင်သားပေါ်တွင် လျှားဇောင်းလက်ပတ်ကို စက်ဝိုင်းပုံ လှဲ့၍ ရင်သားပေါ်တွင် ၁၀မိနစ် လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ ပြီးလျှင် ၁၀မိနစ် ထားပြီး ရေနှင့်ဆေးလိုက်ပါ။

ဤနည်းလမ်းကို တပတ်လျှင် ၄ကြိမ်မှ ၅ကြိမ်ထိ ပြုလုပ်ပါ။

♦တလည်းသီး♦

ဒီအသီးဟာ ရင်သားအိကျခြင်း၊ အရေပြား အရေးကြောင်းများ ပေါ်ခြင်းတို့ကို ကောင်းမွန်စွာ ကုသပေးနိုင်ပါတယ်။

ကြက်ဆူဆီအနည်းကို နွေးနွေးလေးဖြစ်အောင် အပူပေးပါ။ တလည်းသီးကို အခွံခွာ၍ အပူပေးထားသော ကြက်ဆူဆီနှင့် အတူရောပြီး မွှေစက်ထဲတွင် အရည်ပျစ်ပျစ် ရအောင် ဖျော်ပါ။

လည်းကောင်းကို အိပ်ယာမဝင်ခင် ရင်သားပေါ်တွင် စက်ဝိုင်းပုံ အတိုင်း ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးလျှင် ရေဆေးပစ်ပါ။

တလည်းသီးမှ အသင့်ထုတ်လုပ်ထားသော အဆီရနိုင်ပါက အသုံးပြုနိုင်ပါသည်။ ယင်းနည်းကို နေ့စဉ် ၂ကြိမ်၊ ၃ကြိမ် ပြုလုပ်နိုင်သည်။

ဆက်စပ်ပို့စ်များဖတ်ရန်။

♥ရင်သားကင်ဆာကို သဘာဝနည်းများဖြင့် ကာကွယ်နည်းများ။(http://wp.me/p4XsLz-2J)

♥“ရင်သားနှင့် အရေပြားကင်ဆာအတွက် ဖျော်ရည်”( http://wp.me/p4XsLz-3R)

♥ရေပူ၊ ရေအေးနှင့် ချိုးခြင်း၏ အကျိုးနှင့် အပြစ်များ။(http://wp.me/p4XsLz-3Z)

♥မျက်နှာ အသားအရည်ကို ကြည်လင်ချောမွတ်စေသည့် သဘာဝနည်း (Face Toner) (၃)( http://wp.me/p4XsLz-67)

♥နို့ရည်တိုက်ကျွေးနေသော နတ်မိမယ်လေးများ (http://wp.me/p4XsLz-8J)

♥ရင်သားလှအောင် ထိန်းသိမ်းစောင့်ရှောက်နည်း (၁) (http://wp.me/p4XsLz-ah)

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com

ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Leave a comment