ဒူးနာပျောက်ဆေး အလွယ်နည်းများ(၃)

Standard

ဒူးနာပျောက်ဆေး အလွယ်နည်းများ (၁) နှင့် (၂) ကို ရှေ့တွင် ဖေါ်ပြခဲ့ပြီး ယခုဖေါ်ပြမှာကတော့ အရွတ်ကြောင့် ဖြစ်တတ်တဲ့ ဒူးနာ၊ လက်ကောက်ဝတ၊် လက်ချောင်း၊ တံတောင်ဆစ်၊ ခြေဖနောင့်နှင့် ပုခုံး အစရှိသည်တို့ ကိုက်ခဲနာကျဉ်ခြင်းကို သက်သာစေနိုင်မည့် လွယ်ကူသည့် ဆေးနည်းများ ဖြစ်ကြပါတယ်။

♣ ဆေးနည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ မည်သည့် နည်းကိုပင်သုံးစွဲ ကုသမှုပြု လုပ်ပါစေ နောက်ဆုံးမှာတော့ နာကျဉ်၊ယောင်ရမ်းခြင်း အကြောင်းတရားကို သေချာစွာ သိနိုင်တာကတော့ ဆရာဝန်နှင့် အရိုးရောဂါ ကုသမှု ဆိုင်ရာ ဆေးပညာရပ် ကျွမ်းကျင်သူများသာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါ။

♣ သူတို့ကသာ အနာနှင့်ဆေး သင့်တော်အောင်ပေးပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်စေခြင်းဖြင့် အရိုးအဆစ်များ ပြန်လည် ကျမ်းမာ သန်စွမ်း လာမှာဖြစ်ပါတယ်။

♦ ဆေးနည်း(၈)

အရွတ်ကြောင့် ဖြစ်တတ်တဲ့ ရောင်ခြင်း၊ နာကျဉ်ခြင်းတို့ကို သက်သာစေနိုင်တဲ့ အရာကတော့ Apple Cider Vinegar ပဲဖြစ်ပါတယ်။ ယင်းကို သောက်သုံးခြင်းဖြင့် အထွေထွေ ကျန်းမာရေးကို တိုးတက်စေ၍ အရွတ်ကြောင့် ဒဏ်ဖြစ်ပွားသော နေရာပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေး ခြင်းဖြင့်လဲ အသုံးပြုနိုင်သည်။

အနည်းငယ်နွေးသော ရေ ၂၀၀ မီလီလီတာခန့်နှင့် Apple Cider Vinegar လက်ဖက်ရည် ဇွန်း တဝက်ခန့်၊ ပျားရည် လက်ဖက်ရည် တစ်ဇွန်းခန့်တို့ကို ရောစပ်ပြီး တနေ့လျှင် ၂ကြိမ်မှာ ၃ကြိမ်ထိ သောက်သုံးနိုင်သည်။

♦ ဆေးနည်း(၉)

နာကျဉ်မှု ဝေဒနာများကို သက်သာစေရန် သဘာဝ ဆေးနည်း တစ်မျိုးကတော့ မီးဖိုချောင်တိုင်းလိုလိုမှာ အလွယ်တကူတွေ့နိုင်တဲ့ ငရုတ်သီးဖြစ်ပါတယ်။ ငရုတ်သီး ၃ ၄တောင့်ခန့်ကို ထုချေပြီး အနည်းငယ်နွေးအောင် အပူပေးထားတဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်နဲ့ ရေမွှေပါ။

အရွတ်ကြောင့် နာကျဉ်နေတဲ့ နေရာပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ် ၂၀ မိနစ်ခန့်ထားပါ။ ပြီးလျှင် ရေဖြင့် ဆေးကြောပါ။ တနေ့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်နိုင်သည်။

ငရုတ်သီးကို ထုချေတဲ့ အချိန်မှာ အတွင်းပိုင်း အူတိုင်နှင့် အစေ့များကို ဖယ်ထုတ်မပြစ်ရပါ။ နာကျဉ် ကိုက်ခဲမှုကို သက်သာစေတတ်သော ဆေးများတွင် ပါဝင်လေ့ရှိသည့် အရေးကြီးသည့် ဓာတ်တစ်မျိုးဖြစ်သော ကပ်ဆီယာဆင်သည် ယင်းအပိုင်းတွင် ပါဝင်သောကြောင့် ဖြစ်ပါတယ်။

♦ ဆေးနည်း(၁၀)

သဘာဝ ဆီးရွင်ဆေးတဖြစ်လဲ နာမည်ကြီးသည့် ကညွတ်သည် အရွတ်ကြောင့် ဖြစ်ပေါ်သော နာကျဉ်မှု ဝေဒနာများ၊ ရောင်ခြင်း၊ ဖေါင်းခြင်းတို့မှာ မလိုအပ်သော အရည်များကို ဖယ်ထုတ်ပေးခြင်း အစရှိသည့် ဂုဏ်သတ္တိများ ရှိပါတယ်။

တကယ်လို့ အရွတ်ကြောင့် နာကျဉ်တာဆိုရင် ကညွတ်ကို နှစ်သက်သလို ပုံစံအမျိုးမျိုးဖြင့် စားသုံးပါ။

ဆက်စပ်ပို့စ်များဖတ်ရန်။

  1. ဒူးနာပျောက်ဆေး အလွယ်နည်းများ။ (http://wp.me/p4XsLz-bG)
  2. ဒူးနာပျောက်ဆေး အလွယ်နည်းများ(၂) (http://wp.me/p4XsLz-bQ)
  3. အလွယ်တကူရနိုင်တဲ့ ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)( http://wp.me/p4XsLz-z)
  4. သဘာဝ အတိုင်း ယူရစ်အက်စစ် လျှော့ချနည်းများ။(http://wp.me/p4XsLz-j)
  5. ခြေထောက်ကွဲတတ်သူများအတွက် (Listerine နည်း)( http://wp.me/p4XsLz-5U)
  6. ခြေစွယ်၊ လက်စွယ် အမြဲမငုတ်နိုင်အောင်(http://wp.me/p4XsLz-65)
  7. ဆံပင်အတွက် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး အသုံးပြုနိုင်သော အုန်းဆီ(http://wp.me/p4XsLz-6q)
  8. ခန္ဓာကိုယ် သန့်စင်ပြီး သွေးလှဲ့ပတ်မှုကောင်းမွန်စေရန်။ (http://wp.me/p4XsLz-aH)

ဝင်းလှိုင်ဦး (၂၆-၆-၁၆)
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.com

ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Leave a comment