အာသီးရောင်ခြင်း။ (ပသိရောင်ခြင်း) (၂)

Standard

လူတော်တော်များများ ခံစားဖူးတဲ့ အာသီးရောင်ခြင်း လက္ခဏာတွေကတော့

ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချမ်းဖျားဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ လည်ပင်း နာကျဉ် ရောင်ရမ်းခြင်း၊ အာသီး ရောင်၍ နီရဲနေခြင်း၊ လည်ပင်းသို့မဟုတ် နားရွက်တွင် နာကျဉ်တတ်ခြင်း၊ အာသီးတွင် အဖြူစက်များ ဖြင့်ပြည့်နှက်နေခြင်းနှင့် ပါးစပ်ဖွင့်ရန်နှင့် အစားအသောက်များ မျိုချရန် ခက်ခဲခြင်း တို့ဖြစ်ကြပါတယ်။

ဆေးလိပ်သောက်ခြင်း၊ မှို၊ ကပ်ပါးကောင်၊ ဘက်တီးရီးယားများနှင့် ဗိုက်ရပ်စ်ပိုးမွားတို့ကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲခြင်းနှင့် မမျှော်လင့်ပဲ လေအေးမိခြင်း တို့ကြောင့်လဲ အာသီးရောင်ရမ်း တတ်ပါတယ်။

သေသေချာချာ မကုရင် နောက်ဆက်တွဲ ခံစားရမဲ့ ရောဂါတွေ ရှိတာကြောင့် ဆရာဝန်နဲ့ အထူးတလည် တိုင်ပင် ကုသသင့်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်နှင့် မတွေ့ခင်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ ဆေးနည်းများနှင့် ကုသချင်ရင်တော့

(၅)

♦သံပရာရည်ကို သကြား၊ ဆားတို့နှင့် မိမိနှစ်သက်သော အရသာအတိုင်းဖျော်၍ တနေ့လျှင် တစ်ခွက် (၂၄၀ ML)ခန့် သောက်သုံးပါ။

Continue reading

အာသီးရောင်ခြင်း။ (ပသိရောင်ခြင်း) (၁)

Standard

လူတော်တော်များများ ခံစားဖူးတဲ့ အာသီးရောင်ခြင်း လက္ခဏာတွေကတော့

ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချမ်းဖျားဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ လည်ပင်း နာကျဉ် ရောင်ရမ်းခြင်း၊ အာသီး ရောင်၍ နီရဲနေခြင်း၊ လည်ပင်းသို့မဟုတ် နားရွက်တွင် နာကျဉ်တတ်ခြင်း၊ အာသီးတွင် အဖြူစက်များ ဖြင့်ပြည့်နှက်နေခြင်းနှင့် ပါးစပ်ဖွင့်ရန်နှင့် အစားအသောက်များ မျိုချရန် ခက်ခဲခြင်း တို့ဖြစ်ကြပါတယ်။

ဆေးလိပ်သောက်ခြင်း၊ မှို၊ ကပ်ပါးကောင်၊ ဘက်တီးရီးယားများနှင့် ဗိုက်ရပ်စ်ပိုးမွားတို့ကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲခြင်းနှင့် မမျှော်လင့်ပဲ လေအေးမိခြင်း တို့ကြောင့်လဲ အာသီးရောင်ရမ်း တတ်ပါတယ်။

 

သေသေချာချာ မကုရင် နောက်ဆက်တွဲ ခံစားရမဲ့ ရောဂါတွေ ရှိတာကြောင့် ဆရာဝန်နဲ့ အထူးတလည် တိုင်ပင် ကုသသင့်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်နှင့် မတွေ့ခင်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ ဆေးနည်းများနှင့် ကုသချင်ရင်တော့

(၁)

♦ ကျောက်ချဉ် အနည်းငယ်ကို အမှုန့်ပြုလုပ်ပါ။ ပြီးလျှင်ဒယ်အိုးတွင်ထဲ့၍ မီးအပူပေးပါ။ မီးခြစ်ဆံခေါင်း ပမာဏခန့်ကို နွားနို့ နွေးနွေး တစ်ခွက်နှင့် ရောပြီး တနေ့လျှင် တကြိမ်သောက်ပါ။ သက်သာပါက ဆက်မသောက်ပါနှင့်၊ တနေ့လျှင် တစ်ကြိမ်ထက် ပိုမသောက်ပါနှင့်။ Continue reading

ဒူးနာပျောက်ဆေး အလွယ်နည်းများ(၃)

Standard

ဒူးနာပျောက်ဆေး အလွယ်နည်းများ (၁) နှင့် (၂) ကို ရှေ့တွင် ဖေါ်ပြခဲ့ပြီး ယခုဖေါ်ပြမှာကတော့ အရွတ်ကြောင့် ဖြစ်တတ်တဲ့ ဒူးနာ၊ လက်ကောက်ဝတ၊် လက်ချောင်း၊ တံတောင်ဆစ်၊ ခြေဖနောင့်နှင့် ပုခုံး အစရှိသည်တို့ ကိုက်ခဲနာကျဉ်ခြင်းကို သက်သာစေနိုင်မည့် လွယ်ကူသည့် ဆေးနည်းများ ဖြစ်ကြပါတယ်။

♣ ဆေးနည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ မည်သည့် နည်းကိုပင်သုံးစွဲ ကုသမှုပြု လုပ်ပါစေ နောက်ဆုံးမှာတော့ နာကျဉ်၊ယောင်ရမ်းခြင်း အကြောင်းတရားကို သေချာစွာ သိနိုင်တာကတော့ ဆရာဝန်နှင့် အရိုးရောဂါ ကုသမှု ဆိုင်ရာ ဆေးပညာရပ် ကျွမ်းကျင်သူများသာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါ။

♣ သူတို့ကသာ အနာနှင့်ဆေး သင့်တော်အောင်ပေးပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်စေခြင်းဖြင့် အရိုးအဆစ်များ ပြန်လည် ကျမ်းမာ သန်စွမ်း လာမှာဖြစ်ပါတယ်။

♦ ဆေးနည်း(၈)

အရွတ်ကြောင့် ဖြစ်တတ်တဲ့ ရောင်ခြင်း၊ နာကျဉ်ခြင်းတို့ကို သက်သာစေနိုင်တဲ့ အရာကတော့ Apple Cider Vinegar ပဲဖြစ်ပါတယ်။ ယင်းကို သောက်သုံးခြင်းဖြင့် အထွေထွေ ကျန်းမာရေးကို တိုးတက်စေ၍ အရွတ်ကြောင့် ဒဏ်ဖြစ်ပွားသော နေရာပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေး ခြင်းဖြင့်လဲ အသုံးပြုနိုင်သည်။

အနည်းငယ်နွေးသော ရေ ၂၀၀ မီလီလီတာခန့်နှင့် Apple Cider Vinegar လက်ဖက်ရည် ဇွန်း တဝက်ခန့်၊ ပျားရည် လက်ဖက်ရည် တစ်ဇွန်းခန့်တို့ကို ရောစပ်ပြီး တနေ့လျှင် ၂ကြိမ်မှာ ၃ကြိမ်ထိ သောက်သုံးနိုင်သည်။ Continue reading

ချွဲ၊ သလိပ်၊ နှာရည် တို့အလွယ်တကူ ပျော်စေရန်။

Standard

ချောင်းဆိုးခြင်း၊ အအေးပတ်ခြင်းတို့ဟာ အပယိက ဖျားနာမှု ဆိုပေမဲ့ ကိုယ်လက်မအီမသာ နှင့် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ နေ့ဖက်မှာတော့ အဆင်ပြေအောင် သီးခံနေနိုင်ပေမဲ့ ညဖက်ကျရင်တော့ အဆင်မပြေတော့ပါဖူး။ အထူးသဖြင့် အလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ် လာတဲ့ အချိန်တွေဆိုရင် ပိုလို့တောင် ဆိုးပါတယ်။

များသောအားဖြင့် ကလေးငယ်တွေမှာ ရောဂါပိုးမွားတွေကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအား မလုံလောက်ချိန်မှာ အအေးပတ်ခြင်း၊ တုပ်ကွေး စသည်တို့ ဖြစ်တတ်ကြပါတယ်။

အအေးပတ် ချောင်းဆိုးချိန်မှာ ချောင်းဆိုးပျောက် ဆေးရည်က အသင့်တော်ဆုံးလို့ ထင်ကြတယ်။ ဒီဆေးရည်ရဲ့ အဓိကလုပ်ဆောင်ချက်က ဦးနှောက်ကို ပို့လွတ်ပေးမဲ့ ချောင်းဆိုးစေဖို့ အချက်ပြခြင်းကို မပို့လွတ်နိုင်အောင် ထိန်းချုပ်ပေးခြင်း ဖြစ်ပါတယ်။

Continue reading

လေးညှင်းဆီ

Standard

ရှေးယခင် နာကျဉ်မှုဒါဏ် သက်သာစေသည့် ဆေးများ မပေါ်ခင်က လေးညှင်းဆီကို သွားကိုက်သည့် ဝေဒနာ သက်သာစေရန်နှင့် သွားဖုံး ရောင်ရမ်းခြင်းတို့ကို ထုံကျဉ်စေရန် အသုံးပြုခဲ့ကြသည်။

ယင်းတွင် ဗိုက်တာမင်စီ၊ ပိုတက်စီယမ်၊ သတ္ထုဓာတ်၊ ဖေါ့စပါးရပ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်နှင့် ဗိုက်တာမင် အေတို့ ပါဝင်ကြသည်။ ဆေးမီးတို အနေနှင့်လဲ အခြားနေရာများတွင် များစွာ အသုံးပြုကြသည်။

ဥပမာ ခံတွင်းအနံ့ဆိုး ပြေပျောက်စေရန် နှင့် လည်ပင်း နာခြင်းတို့ကို ဆီတစ်မျိုးမျိုးဖြင့် ရော၍ ပလုပ်ကျင်းခြင်း၊ မျက်စိစွန်ခြင်း မျက်စိနာခြင်း၊ နားကိုက်ခြင်း၊ ခန္ဓာကိုယ်ရှိ ဒါဏ်ရာ(အပိတ်)များ၊ အစာမကြေခြင်း၊ ဆံကေသာ အလှအပထိန်းသိမ်းခြင်းနှင့် အခြားသော နေရာများတွင်လည်း အသုံးပြုကြပါသည်။ Continue reading

ယူကလစ်ဆီ

Standard

လူသိများတဲ့ ယူကလစ်ရွက်ဟာ ရောဂါပိုးမွှားများကို သေစေနိုင်သော ဂုဏ်သတ္တိနှင့်  သွေးတိတ်စေတတ်သော ဂုဏ်သတ္တိများ ရှိပါတယ်။ တုပ်ကွေး၊ အအေးမိခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖြစ်တတ်သော ရောဂါများကို ကာကွယ်ပေးပါတယ်။

သလိပ်ကိုလဲ ပျော်စေနိုင်တဲ့အတွက် ထိုရောဂါတွေကြောင့် ခံစားရတတ်တဲ့ အသက်ရှုမဝခြင်း၊ အဆုပ်မွန်းကြပ်ခြင်း တို့ကို သက်သာစေတယ်။ ဒါ့အပြင် ခေါင်းကိုက်၊ ရင်ဘတ်အတွင်း မွန်းကြပ် တစ်ဆို့နေခြင်းတို့ကိုပါ အသုံးပြုနိုင်တယ်။

ရေချိုးတဲ့အခါ ရေနဲ့စပ်ပြီးချိုးတာပဲဖြစ်ဖြစ် လက်ကိုင်ပုဝါ မှာတို့ပြီးအနံ့ရှုတာဖြစ်ဖြစ် အထက်ဖေါ်ပြခဲ့တဲ့ ဝေဒနာတွေ သက်သာအောင် သုံးနိုင်တယ်။ ဒါမှမဟုတ် နှဖူးမှာ သုတ်ရင်လဲ ရတယ်။

ယူကလစ်ရွက် ကို အဆီထုတ်သုံးခြင်းဖြင့် ကျန်းမာရေး အတွက် အမျိုးမျိုး အသုံးပြုနိုင်ပါသည်။ Continue reading

ကိုယ်တွေ့လိပ်ခေါင်း သက်သာနည်း။

Standard

ယခုနှစ် ၂၀၁၅ ဧပြီလ သင်္ကြန်အပြီးမှာ ရန်ကုန်ကို ခွင့်ပြန်ခဲ့ပြီး ခွင့်စေ့တဲ့အချိန်မှာ ကျနော်အလုပ်လုပ်နေတဲ့ နိုင်ငံကိုပြန်လာခဲ့ပါတယ်။

ဒီနိုင်ငံက နိုင်ငံတကာလေဆိပ် ရောက်တာနဲ့ အထုပ်အပိုးတွေကို ကျနော်အလုပ်လုပ်ရာ ဒေသကိုပို့ပြီး လူကတော့ အဝတ်အနည်းငယ်နဲ့ အခြားဒေသကို လူစားဝင်ပေးဖို့ သွားခဲ့ပါတယ်။

ကိုယ်အမြဲနေရမဲ့ နေရာလဲမဟုတ် အခန်းကလဲ တဦးတည်းသီးသန့် နေတာမို့ ဖြစ်သလို အသားဟင်းကိုပဲ ကြော်လိုက်၊ ပြုပ်လိုက်နဲ့ စားသောက် နေလာခဲ့ပြီး ရာသီပြောင်း နေရာပြောင်းနဲ့ ဝမ်းလဲမမှန်တော့ပဲ နုတ်ခမ်းမှာပါ အပူဖု လေးတွေပါ ထွက်လာပါတယ်။

ဒီမှာ ကျနော့်ကို ထိတ်လန့်စေမဲ့ အဖြစ်နဲ့ ကြုံတွေ့ရတော့တာပါပဲ။ တမနက် ဝမ်းသွားပြီး ပြန်အထမှာ လတ်ဆတ်တဲ့ သွေးတွေကို အိမ်သာသုံး စက္ကူမှာ တွေ့လိုက်ရပါတယ်။

တခါမှ ဒီလိုမျိုးအတွေ့ အကြုံမရှိတဲ့ အတွက် အကြီးအကျယ် ထိတ်လန့်ပြီး တောင်တွေး မြောက်တွေးနဲ့ ပူပန်သောက ရောက်ပါတော့တယ်။ ညနေဖက် တကြိမ်ဝမ်းသွားတာမှာလဲ ဒီအတိုင်းမို့ ပိုစိုးရိမ်ပြီး နောက်တကြိမ် ဝမ်းသွားရမှာကို ကြောက်လာပါတယ်။

ဒီလိုနဲ့ ဖြစ်စဉ်ကို ရန်ကုန်မှာ ရှိတဲ့ အသိဆရာဝန်တွေနဲ့ အခြားလူတွေကိုပါ မေးစမ်းပြီး တိုင်ပင်ရပါတယ်။ ဒီမှာ ထင်စရာရှိတာက ဒီလူနှယ် ဒီမှာရှိတဲ့ ဆရာဝန်တွေကို သွားမပြပဲ ဘာလို့များ မြန်မာပြည်ကလူတွေကို ပြန်မေးရသလဲ မေးစရာရှိပါတယ်။

ကျနော်တာဝန်နဲ့ နေတဲ့နေရာက နယ်ဖြစ်ပါတယ်။ မြို့မှာလို လူဖြူဆရာဝန်များနှင့် မြန်မာဆရာဝန်များမရှိပါ။ ဒီနိုင်ငံရှိလူများနှင့် အလုပ်လာကြသူများ အပါအဝင် ၉၀ရာနှုန်းခန့်သည် ငှက်ဖျားရောဂါ ရှိကြပါသည်။

ဘာရောဂါဖြစ်ဖြစ် ငှက်ဖျားရောဂါကိုသာ ခေါင်းစဉ်တပ်သည့် အကျင့်ရှိကြသဖြင့် သူတို့နှင့် မတိုင်ပင် မဆွေးနွေးလိုပါ။ ပုဂ္ဂလိက ဆေးခန်းများ အဓိကမြို့ကြီး နှစ်မြို့ သုံးမြို့တွင်သာ ရှိပြီး အစိုးရဆေးရုံတွေမှာ ဆရာဝန်များ တနင်္ဂနွေဆို နားရက်ယူကြတဲ့ တိုင်းပြည်လဲဖြစ်ပါတယ်။ (ဤအကြောင်းကို အချိန်ရလျှင် သပ်သပ် ထပ်ရေးပါမည်။)

လိပ်ခေါင်းအကြောင်းကိုတော့ ရှည်မှာဆိုးတဲ့အတွက် မရေးတော့ပါ။ အခြားသူများ ရေးသားထားတဲ့ ပို့စ်တွေရှိပါတယ်။ ကျနော်သက်သာခဲ့တဲ့ နည်းလမ်းကတော့ Continue reading

ထမင်းရည်၏ အသုံးဝင်ပုံများ။

Standard

ထမင်းရည်ကို တရုတ်လူမျိုးများက ဆံပင်အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် အသားအရေ စိုပြေစေရန်အတွက် ရှေးပဝေသဏီကတည်းပင် အသုံးပြုခဲ့ကြသည်။

တကယ်တော့ ထမင်းရည်ဟာ လူတို့အတွက် ကျယ်ပြန့်လှတဲ့ ကျန်းမာရေး အထောက်အကူပေးနိုင်တာကို ယနေ့ခေတ် လူအတော်များများ သိရှိထားကြပါတယ်။

အခြားပါဝင်ပစ္စည်း များစွာမလိုအပ်ပဲ ရေနှင့် ဆန် နှစ်မျိုးသာ လိုအပ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ ထမင်းရည်ကို ငှဲ့ချက်တဲ့ အလေ့အကျင့်က မရှိသလောက် ဖြစ်သွားပြီမို့ ကျန်းမာရေးအတွက် ပြုလုပ်မယ်ဆိုရင်တော့ ရံဖန်ရံခါ အားလပ်ချိန်တွေမှာ ပြုလုပ်နိုင်ပါတယ်။

ဆန်ဆေးရေကို ဆိုလိုခြင်းမဟုတ်ပါ။ ထမင်းချက်ရာမှ ထွက်လာတဲ့ အဟာရဓာတ်များပါဝင်နေသော ရေဖြစ်ပါတယ်။ အနည်းငယ် နွေးနေတဲ့ အချိန်မှာ သောက်သုံးနိုင်ပြီး အေးသွားချိန်မှာတော့ ဆံပင်ကို ခေါင်းလျှော်သလို အသုံးပြုနိုင်သလို မျက်နှာကိုလဲဆေးကြောနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကတော့ Continue reading

ကျန်းမာသန်စွမ်းပြီး လက်သည်းလှ ပိုင်ရှင်ဖြစ်လိုသူတွေ အတွက်

Standard

လက်သည်းလှလှ ပိုင်ရှင်ဖြစ်လိုသူအများစုဟာ ငွေကုန်ကြေးကျခံပြီး တန်ဖိုးကြီး လက်သည်းနှင့် ပက်သက်တဲ့ ထုတ်ကုန် အမျိုးမျိုးကို ဝယ်ယူသုံးစွဲလေ့ ရှိကြပါတယ်။

ရည်ရွယ်ချက်ကတော့ သန်စွမ်းပြီး လှပတဲ့ လက်သည်းလေးတွေ ရဖို့ပါပဲ။ အလွယ်တကူ ကိုယ့်အနီးနား ဝန်းကျင်မှာ ရနိုင်တဲ့ သဘာဝ ပစ္စည်းတွေရဲ့ အသုံးဝင်ပုံကို သိရှိရင် အချိန်ကုန် ငွေကုန်ခံပြီး အလှကုန် ပစ္စည်းတွေကို ရှာဖွေဝယ်ယူနေစရာ မလိုတော့ပါဖူး။ Continue reading

နှင်းဆီရေ (နှင်းရည်) အလွယ်တကူပြုလုပ်နည်း

Standard

နှင်းဆီရေကို ရှေးယခင်နှစ်ပေါင်းများစွာကပင် အလှအပ နှင့်သက်ဆိုင်သော နည်းလမ်းများတွင် အသုံးပြုခဲ့ကြသည်။ လည်းကောင်း၏ သင့်ပျံ့မွေးကြိုင်သော ရနံ့ကြောင့်တင်မကပဲ အရေပြားအတွက် ခရင်များ၊ ဆံပင်ပျော့ဆေးများ၊ ဆပ်ပြာနှင့် ရေမွေးစသည့် ထုတ်ကုန် ပစ္စည်းများတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်ခြင်းကြောင့် လူကြိုက်များသည်။

နှင်းဆီရေ အသုံးပြုခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ Continue reading