ဒူးနာပျောက်ဆေး အလွယ်နည်းများ။

Standard

အသက်အရွယ် အရသော်လည်းကောင်း

ထိခိုက်ဒါဏ်ရာ များကြောင့် လည်းကောင်း

အဆစ်ယောင် ရောဂါများ ခံစားနေရ ခြင်းတို့ကြောင့်

ဒူးနာခြင်း ဝေဒနာကို ခံစားရတတ်ပါတယ်။

အနည်းငယ် နာကျဉ်မှု ခံစားရခြင်း၊ သို့မဟုတ် ပြင်းထန်စွာ နာကျဉ်မှု ခံစားရခြင်းတို့ကြောင့် သွားလာလှုပ်ရှားမှုကို အနှောက်အယှက် ဖြစ်စေပါတယ်။

ဒူးခေါင်းဟာ ကိုယ်ခန္ဓာရဲ့ အကြီးဆုံး အဆစ်ဖြစ်တာနဲ့ အညီ ယောင်ရမ်း၊ နာကျဉ်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆရာဝန် သမားတော် တို့နှင့် အမြန်ဆုံး ပြသသင့်ပါတယ်။

လူအများစုကတော့ ပေါ့ပေါ့ပဲ သဘောထားပြီး ကုသမှု ခံယူခြင်း သိပ်မလုပ်ကြပါဖူး။ ဘယ်လိုမှ မခံမရပ်နိုင်တော့မှပဲ ကုသမှုခံယူခြင်း ပြုလုပ်လေ့ ရှိပါတယ်။

  • ဆေးနည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ မည်သည့် နည်းကိုပင်သုံးစွဲ ကုသမှုပြု လုပ်ပါစေ နောက်ဆုံးမှာတော့ ဒူးနာခြင်း အကြောင်းတရားကို သေချာစွာ သိနိုင်တာကတော့ ဆရာဝန်နှင့် အရိုးရောဂါ ကုသမှု ဆိုင်ရာ ဆေးပညာရပ် ကျွမ်းကျင်သူများသာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါ။
  • သူတို့ကသာ အနာနှင့်ဆေး သင့်တော်အောင်ပေးပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်စေခြင်းဖြင့် ဒူးဆစ် ပြန်လည် ကျမ်းမာ သန်စွမ်း လာမှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျွမ်းကျင်သူများနဲ့ မတွေ့နိုင်ခင်မှာ မိမိ ပတ်ဝန်းကျင်မှာ ရှိတဲ့ အလွယ် တကူရှာဖွေ တွေ့ရှိနိုင်သော သဘာဝဆေးများနဲ့ စမ်းသပ်ချင်ရင်တော့

#ဆေးနည်း(၁)

  • အုန်းဆီ ၁၀၀ သို့မဟုတ် ၁၂၀ မီလီလီတာ
  • ယင်းအုန်းဆီကို အပူပေးပါ။ (အရေပြားပေါ်တွင် ခံနိုင်သည့် အပူချိန်ခပ်နွေးနွေး အနေအထား)
  • ပြီးလျှင် နာကျဉ်မှု ခံစားနေရသော ဒူးဆစ်ပေါ်တွင် နှိပ်နယ် သုတ်လိမ်းပါ။

သွေးလှဲ့ပတ်မှု ကောင်းစေတဲ့အတွက် နာကျဉ်ခြင်း ဝေဒနာကို သက်သာစေသည်။

#ဆေးနည်း(၂)

  • မြူရွက် လက်တဆုပ်ခန့်ကို ယူပါ။ (မြူရွက်သည် ဟင်းနုနယ်ရွက်နှင့် ခပ်ဆင်ဆင် တူ၍ အဖြူနှင့် အနီ ၂မျိုးရှိသည့်အနက် အနီသည် ပို၍ ဆေးဖက်ဝင်သည်။အချို့ အရပ်ဒေသများတွင် အသုပ်အဖြစ် ပြုလုပ်စားသောက်တတ်သည်)
  • အနည်းငယ် ထုထောင်းလိုက်ပြီး အရည် ၁၅ ဂရမ်ခန့် ရအောင်ညှစ်ပါ။
  • ပြီးလျှင် ရသည့်အရည်ကို စစ်၍ နေ့စဉ် အစာအိမ်ထဲ အစာမရှိချိန်တွင် သောက်သုံးပါ။

 

#ဆေးနည်း(၃)

  • နွားနို့ တစ်ခွက် (၂၅၀ မီလီလီတာခန့်)ကို
  • နနွင်း စားပွဲတင်ဇွန်း တစ်ဇွန်း ရောပြီး သမအောင် မွှေပါ။

တနေ့တစ်ကြိမ် နေ့စဉ်သောက်ရန် ဖြစ်ပါသည်။

#ဆေးနည်း(၄)

  • ပဲနံ့သာစေ့ လက်တစ်ဆုပ်ကို ယူ၍ လှော်ပါ။
  • ပြီးလျှင် အမှုန့်ဖြစ်အောင် ထောင်းပါ။ သို့မဟုတ် ကြိတ်စက်ဖြင့် ကြိတ်ပါ။
  • ယင်းအမှုန့် စားပွဲတင်ဇွန်း ၂ဇွန်းကို ရေဖြင့်ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် ဖျော်၍ နာကျဉ်သော ဒူးခေါင်း ပေါ်တွင် လိမ်းပါ။

အခြားဆေးနည်းများကို အလျှင်းသင့်သလို ဆက်လက် ဖေါ်ပြသွားပါ့မယ်။

ဆက်စပ်ပို့စ်များဖတ်ရန်။

  • အလွယ်တကူရနိုင်တဲ့ ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)( http://wp.me/p4XsLz-z)
  • သဘာဝ အတိုင်း ယူရစ်အက်စစ် လျှော့ချနည်းများ။(http://wp.me/p4XsLz-j)
  • ခြေထောက်ကွဲတတ်သူများအတွက် (Listerine နည်း)( http://wp.me/p4XsLz-5U)
  • ခြေစွယ်၊ လက်စွယ် အမြဲမငုတ်နိုင်အောင်(http://wp.me/p4XsLz-65)
  • ဆံပင်အတွက် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး အသုံးပြုနိုင်သော အုန်းဆီ(http://wp.me/p4XsLz-6q)
  • ခန္ဓာကိုယ် သန့်စင်ပြီး သွေးလှဲ့ပတ်မှုကောင်းမွန်စေရန်။ (http://wp.me/p4XsLz-aH)

ဝင်းလှိုင်ဦး (၃-၆-၁၆)
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.com

ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Leave a comment