ရထား ပုံမှန်စီးတဲ့ ကြောင်ကလေး။

Standard

တိုကျိုမြို့ မီးရထား စနစ်ဟာ လူတော်တော် များများအတွက် ခေါင်းနောက်စရာ ဆိုပေမဲ့ ဒီကြောင်ကလေးအတွက်ကတော့ လွယ်ကူလွန်းနေပါတယ်။

မြို့တော်ရဲ့ Seibu Ikebukuro ရထားလမ်းမှာ ဒီချစ်စရာ ကောင်းတဲ့ ကြောင်ကလေးဟာ ကြိမ်ဖန်များစွာ မြေပုံမလိုပဲ စီးနင်းနေတာကို တွေ့မြင်ခဲ့ကြ ရပါတယ်။

ရထားစီးနေတဲ့ သူတွေဟာ ဒီပုံမှန်မဟုတ်တဲ့ ခရီးသည်လေး စီးနေတာကို ၂၀၁၃ ခုနှစ်ကတည်းက သတိထားမိခဲ့ကြပေမဲ့ တစ်ကောင်ထဲပဲလား ပုံစံတူပဲလားဆိုတာတော့ သိပ်မခွဲခြားနိုင်သော်လဲ တွေ့တဲ့ အကြိမ်တိုင်းမှာ ပုံစံကတော့ တစ်ကောင်ထဲ အတူတူ လိုပါပဲ။

အချို့ခရီးသည် တွေဟာ ဒီကြောင်လေးရဲ့ ရထားစီးစဉ် ယဉ်ကျေးစွာ ပြုမူနေထိုင်ပုံကို မှတ်ချက်ပေး ပြောဆိုကြပါတယ်။

အထူးသဖြင့် ရထားစီးရင် အခြားခရီးသည် တွေကို အနှောက် အယှက် မဖြစ်ရအောင် တတ်နိုင်သမျှ ကိုယ်ကို ကျုံ့ကျုံ့လေးနေပြီး အေးဆေးငြိမ်သက်စွာ စီးတတ်ခြင်း၊ နှစ်လိုဖွယ် ကောင်းခြင်းတို့ဟာ သူ့အတွက်တော့ ရထားစီးခွင့် လက်မှတ် အမြဲရထားတာပါပဲ။

ဆက်စပ်ပို့စ်များဖတ်ရန်။

ချစ်ခြင်းမေတ္တာ (https://www.facebook.com/winn.h.oo/posts/1183582195005304)
ကြောင်ချစ်တတ်သူများ အတွက် (https://www.facebook.com/winn.h.oo/posts/1206453496051507)

ဝင်းလှိုင်ဦး
(၁-၅-၁၆)
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

Leave a comment