ရထား ပုံမှန်စီးတဲ့ ကြောင်ကလေး။

Standard

တိုကျိုမြို့ မီးရထား စနစ်ဟာ လူတော်တော် များများအတွက် ခေါင်းနောက်စရာ ဆိုပေမဲ့ ဒီကြောင်ကလေးအတွက်ကတော့ လွယ်ကူလွန်းနေပါတယ်။

မြို့တော်ရဲ့ Seibu Ikebukuro ရထားလမ်းမှာ ဒီချစ်စရာ ကောင်းတဲ့ ကြောင်ကလေးဟာ ကြိမ်ဖန်များစွာ မြေပုံမလိုပဲ စီးနင်းနေတာကို တွေ့မြင်ခဲ့ကြ ရပါတယ်။ Continue reading

သစ္စာရှိ ခွေးလိမ္မာလေး‬

Standard

ဂျိမ်းစ်အိုက်ဇက် လို့ခေါ်တဲ့ အထီးကျန် စိတ်ဝေဒနာ ခံစားနေရတဲ့ ကလေးလေး သွားလေရာကို ထပ်ခြပ်မကွာ လိုက်ပါ စောင့်ရှောက်ပေးတာကတော့ လက်ဘရာဒေါ အမျိုးအစား ခွေးလိမ္မာလေး “မာဟီ” ဖြစ်ပါတယ်။

လူတွေနဲ့ စကားပြောဖို့ ထိတွေ့ဆက်ဆံဖို့ကို ကြောက်ရွံ့နေတဲ့ ဒီ ၉နှစ်သားကလေးဟာ သူ့ရဲ့ အနက်ရောင် လက်ဘရာဒေါ “မာဟီ” နဲ့တွေ့ရင်တော့ လုံးဝ မတူကွဲပြားသွားပါတယ်။ မာဟီကလဲ သူ့ကို လုံခြုံအေးချမ်းအောင် စောင့်ရှောက်ပေးနိုင်ပါတယ်။

တရက်မှာတော့ ဆေးရုံပေါ်ရောက်နေတဲ့ ဂျိမ်းစ်ဆီကို သူ့ရဲ့မိခင်က “မာဟီ” လေးကိုပါ ခေါ်ပြီး စိတ်လှုပ်ရှားစွာနဲ့ လိုက်သွားခဲ့ပါတယ်။ တာဝန်ရှိသူတွေဟာ မာဟီကိုလဲ ဝင်ရောက် လည်ပတ်ခွင့် ပေးခဲ့ပါတယ်။

မေ့ဆေးရှိန်နဲ့ မှိန်းနေတဲ့ ဂျိမ်းစ်ကို မာဟီက အလွန်အမင်း စိုးရိမ်စိတ်နဲ့ ကြည့်ြ့ပီး ဘေးနားကနေ မခွာတော့ပါဖူး။

လွန်ခဲ့တဲ့ ၂နှစ် ကတည်းက သူတို့မိသားစုထဲကို မာဟီရောက်လာပြီး ပျော်ရွင်ခဲ့ကြပါတယ်။ ပျော်ရွင်မှု အပြင် ဂျိမ်းစ်ရဲ့ဘဝကိုလဲ လုံခြုံအောင် စောင့်ရှောက်ပေးပါတယ်။ အမြဲတမ်း ကြိုးနဲ့တွဲထားပြီး ဂျိမ်းစ် ရေနက်ပိုင်းသွားတာတို့ ကားရှုပ်တဲ့နေရာကို ပြေးသွားတာတို့ လုပ်ရင် ထိုင်ချပြီး အန္တရယ် မကျအောင် စောင့်ရှောက်ပေးပါတယ်။ Continue reading

အိမ်ယာမဲ့ ခွေးလေးတွေအတွက် ညတိုင်းတံခါးဖွင့်ထားတဲ့ ကော်ဖီဆိုင်

Standard

ဒီယုံကြည်နိုင်ဖွယ် မရှိတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ အင်တာနက် သုံးသူတွေများ ကြားမှာ ဗိုင်းရပ်စ်ပိုး သဖွယ် ပြန့်နှံ့လို့ နေပါတယ်။

ဘယ်သူကရိုက်ထားသလဲဆိုတာကို မသိကြပါဖူး။ ဒါကလဲ သိပ်တော့ အရေးမကြီးလှပါဖူး။

အရေးကြီးတာကတော့ ကြင်နာမှုနဲ့ ချစ်ခြင်းမေတ္တာ တရားကို ဒီပုံလေးက အလေးအနက် ရောင်ပြန်ဟပ်ပြနေ တာပါပဲ။ Continue reading

ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် သခင်ကိုချစ်နေတဲ့ သူတွေ

Standard

 

ခွေးကလေးတွေကို စောင့်ရှောက်နေတဲ့ သခင်တွေရဲ့ မေတ္တာနဲ့ အပြန်အလှန်ထားရှိတဲ့ သူတို့ရဲ့ သစ္စာရှိမှုတွေကို အောက်ဖေါ်ပြပါ ပုံတွေမှာ တွေ့မြင်နိုင်ကြပါတယ်။

သူတို့ကို သစ္စာအရှိဆုံး မိတ်တွေတွေလို့ အသိများကြပါတယ်။
သခင်တွေ ချမ်းသာ ဆင်းရဲမရွေး၊ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် သစ္စာရှိကြပြီး
သူတို့ လိုချင်တာကတော့ သခင်တွေရဲ့ ချစ်ခင်ယုယမှုနဲ့ မေတ္တာကို ခံစားချင်ကြခြင်းပဲ ဖြစ်ပါတယ်။

အောက်က သနားစရာ ပုံလေးတွေကတော့ အိမ်ခြေမဲ့ ခွေးကလေးများနဲ့ သူတို့ချစ်တဲ့ အိမ်ခြေမဲ့ သခင်တွေအတွက် အထူး ဂုဏ်ပြု ရိုက်ကူး မျှဝေထားတာဖြစ်ပါတယ်။

ဆက်စပ်ပို့စ်များ ဖတ်ရန်။
ခွေးတွေအတွက် အစားအစာမှာ ကြက်သွန်နီ ထဲ့သင့်သလား(http://wp.me/p4XsLz-Z)
ခွေးများအတွက် မပေးသင့်သောအိမ်သုံး ဆေး၃မျိုး။(http://wp.me/p4XsLz-1O)
ခွေးချစ်တတ်သူများအတွက် ဆောင်ရန်၊ရှောင်ရန်(http://wp.me/p4XsLz-5o)
“ရင်သွေးသစ်နဲ့ အိမ်မွေး တိရိစ္ဆာန်တို့ရဲ့ဆက်ဆံရေး”( http://wp.me/p4XsLz-7N)

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com

Continue reading

“ရင်သွေးသစ်နဲ့ အိမ်မွေး တိရိစ္ဆာန်တို့ရဲ့ဆက်ဆံရေး”

Standard

အိမ်မွေးတိရိစ္ဆာန်လေးတွေ ချစ်တတ်သူများအတွက်တော့ သူတို့ဟာ မိသားစုနဲ့မခြား ကလေးတယောက်လို ချစ်ခင်တွယ်တာရတဲ့ သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။

မိမိတို့ရဲ့ရင်သွေးသစ်လေး မိသားစုထဲကို ရောက်လာတဲ့အချိန်မှာလဲ သူတို့နဲ့အတူ အရင်ကလိုပဲ ပျှော်ပျှော်ရွင်ရွင်နဲ့ စိတ်ချမ်းသာနွေးထွေးစွာ နေထိုင်သွားလိုကြပါတယ်။
အချို့တိရိစ္ဆာန်လေးတွေကတော့ ရင်သွေးသစ်ကို အလွယ်တကူ လက်ခံကြပေမဲ့ အချို့ကျတော့ နောက်ရောက်လာမဲ့ ကလေးနဲ့ ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေ မျှဝေခံစားရတော့မှာမို့ လက်ခံဖို့ အချိန်အတိုင်းအတာ တခုထိယူကြရပါတယ်။

ဒါကြောင့်မို့လို့ သူတို့တွေကို ရင်သွေးသစ်လေးနဲ့ နေသားတကျရှိအောင် သူရဲ့နေ့စဉ်နေထိုင်မှုထဲကို ဝင်ရောက်လာမဲ့ ကလေးအတွက် မျှဝေခံစားတတ်အောင် လေ့ကျင့်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။

၁။ အသံတုလုပ်ပြုလုပ်ခြင်း Continue reading

ခွေးများအတွက် မပေးသင့်သောအိမ်သုံး ဆေး၃မျိုး။

Standard

“ခွေးများအတွက် မပေးသင့်သောအိမ်သုံး ဆေး၃မျိုး။”

အိမ်မွေး တိရစ္ဆာန်များဟာ တကယ်တော့ ကလေးတွေလိုပါပဲ။ သူတို့ရဲ့ဘဝတွေအတွက် သင့်ရဲ့စောင့်ရှောက်မှုအပေါ်မှာ မှီခိုနေကြရပါတယ်။ ဒီတိရစ္ဆာန်လေးတွေကို ပိုင်ဆိုင်နေသူတယောက်အနေနဲ့ အရေးအကြီးဆုံးကတော့ သူတို့ကို အမြဲကျန်းမာနေအောင် စောင့်ရှောက်ပေးနိုင်ခြင်းပါပဲ။ ဒါကြောင့် မိမိတို့အနီးနားမှာ အလွယ်တကူရှိနေတတ်သော သူတို့လေးတွေအတွက် အသက်အန္တရယ်ဆုံးရှုံးအောင် ထိခိုက်နိုင်တဲ့ အဆိပ်ဆေးဝါးတွေကို တင်ပြလိုက်ရပါတယ်။ 

အချို့ဆေးဝါးတွေဟာ လူတွေအတွက် အလွယ်တကူသုံးနိုင်ပြီး ထိရောက်အသုံးတဲ့တယ်ဆိုပေမဲ့ ခွေးတွေအတွက်တော့ ဒီလိုမဟုတ်ပါဖူး။ တခါတလေမှာ တိရစ္ဆာန်ပိုင်ရှင်တွေဟာ ဆရာဝန်ဆေးစာမလိုပဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ ဆေးတွေကို မိမိတို့ရဲ့ခွေး၊ကြောင်လေးတွေကို ချစ်ခင်တဲ့စိတ်နဲ့ အမှတ်မထင်နားမလည်ပဲပေးလိုက်မိတာဟာ သူတို့အတွက်တော့ အဆိပ်ကို သောက်လိုက်ရသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ဆေးမပေးခင်မှာ တိရစ္ဆာန် ဆေးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ 

ယေဘူယျအားဖြင့် ဆေးစာမလိုပဲ ဝယ်ယူအသုံးပြုနိုင်ပြီး ခွေးများကို မပေးသင့်သော ဆေး၃မျိုးကတော့

၁)  Aspirin       အက်စ်ပရင် အကိုက်အခဲနှင့် အဖျားပျောက်ဆေး။ 

အက်စ်ပရင်ဟာ ခွေးများသွေးထွက်သည့်အခါ သွေးခဲအောင်လုပ်ဆောင်ပေးတဲ့ ကလပ်စည်းကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် သင့်ရဲ့ခွေး ဒါဏ်ရာအနာတရဖြစ်တာပဲဖြစ်ဖြစ်၊ အရေပြားပေါက်ပြဲတာဖြစ်ဖြစ် သွေးထွက်တဲ့အခါမှာ သွေးတိတ်အောင် မစွမ်းဆောင်နိုင်ပဲ ပိုဆိုးစေပါတယ်။ အထူးသဖြင့် ဟော်မုန်းပါဝင်တဲ့ဆေး သို့မဟုတ် ဟော်မုန်းမပါဝင်ပဲ အနာရောင်ရမ်းခြင်း သက်သာစေသော ဆေးများနှင့် တွဲဖက်မိပါက ပိုဆိုးစေပါသည်။ အကျိုးဆက်ကတော့ အစာအိမ်နှင့်အူဆိုင်ရာပြသနာများ အသက်ရှုမဝခြင်း နာ့ဖ်ကြောဆိုင်ရာပြသနာများ သွေးမတိတ်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာပြသနာများ ဖြစ်ပေါ်စေနိုင်သည်။

Ibuprofen (အိုင်ဘီဖရိုဖင်) 

လူတွေအတွက် နာကျင်တာတွေနဲ့ ယောင်ရမ်းတာတွေအတွက် ဆေးစာမလိုပဲ အလွယ်တကူနဲ့ ဝယ်ယူနိုင်တဲ့ ခေတ်စားသော ဆေးတမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ခွေးတွေအတွက်တော့ ဒီဆေးဟာ အလွန်တကူ အဆိပ်ဖြစ်စေတဲ့ ဆေးဖြစ်ပါတယ်။ နားလည်တတ်ကျွမ်းသော သူများသည် သင့်တော်သော ဆေးပမာဏကို ပေးနိုင်သော်လည်း ထိုဆေးသည် အလွယ်တကူ အစာအိမ်ပြည်တည်နာဖြစ်ဖြင်းနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။ ဒီအခြေအနေမှာ ထိထိရောက်ရောက်မကုရင် သေစေနိုင်သည်အထိ ဆိုးရွားသွားနိုင်ပါတယ်။ သူတို့ ခံစားရမဲ့ လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း၊ အန်ခြင်း၊ ဝမ်းမဲများသွားခြင်း၊ သွေးအန်ခြင်း ဝမ်းဗိုက်နာကျဉ်ခြင်း၊ အင်အားဆုတ်ယုတ်ခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်းများ ကိုတွေ့ရပါမယ်။ 

Acetaminophen (အဆက်တမီနိုဖန်) 

တိရစ္ဆာန်ဆေးကု ဆရာဝန်နဲ့မတိုင်ပင်ပဲ ဒီဆေးကိုခွေးကို ပေးမိတာပဲဖြစ်ဖြစ် သူ့ဖါသာစားမိသွားတာပဲဖြစ်ဖြစ် ခွေးဝမ်းဗိုက်ထဲ ရောက်သွားရင်တော့ သူ့အတွက် အန္တရယ်ပါပဲ။ ဒီဆေးနဲ့ပက်သက်လာရင်ကြောင်တွေဟာခွေးတွေလောက် ခံနိုင်ရည်မရှိကြပါဖူး။ ဥပမာအားဖြင့် ပေါင်၅၀ ရှိတဲ့ခွေးတကောင် ဒီဆေးနဲ့ အဆိပ်သင့်ဖို့ဆိုရင် ၅၀၀မီလီဂရမ် ဆေးပြား ၇ပြားလောက်လိုပြီး ကြောင်တစ်ကောင်အတွက်ကတော့ ၂၅၀မီလီဂရမ် ဆိုရင် သေစေနိုင်ပါတယ်။ မိမိရဲ့ခွေးဟာ ဒီဆေးကို တစ်ပြားပဲဖြစ်ဖြစ် အဆိပ်ဖြစ်စေနိုင်တဲ့ပမာဏ ဖြစ်ဖြစ် စားမိတယ်လို့ သံသယရှိရင် တိရစ္ဆာန်ဆေးကု ဆရာဝန်ဆီကို အမြန်သွားသင့်ပါတယ်။ ဒီဆေးထဲမှာ ယေဘူယျအားဖြင့် ထုတ်လုပ်ရောင်းချနေတဲ့ အမှတ်တံဆိပ်များကတော့ တိုင်လေနော(Tylenol ပါရာစီတမော)၊ Percocet၊ aspirin-free Excedrin နဲ့ အခြားတံဆိပ်များ ဖြစ်ကြပါတယ်။ 

ဒါကြောင့်မို့ ဆေးတွေကို ခွေးတွေနဲ့ဝေးရာမှာထားပြီး တခုခုဖြစ်ရင် ကိုယ့်ဖါသာကိုယ်ဆေးမပေးပဲ ဆရာဝန် လမ်းညွှန်မှုနဲ့ပေးပါ။ ဘယ်လိုပမာဏမျိုးဖြစ်ဖြစ် အဆိပ်သင့်စေနိုင်တဲ့ဆေး စားမိတယ်လို့ သံသယရှိရင် ဆရာဝန်ဆီခေါ်သွားပါ။ ဒီဆောင်းပါးလေးဖတ်ပြီးရင်တော့ မိမိချစ်တဲ့ တိရစ္ဆာန်လေးတွေကို အလွယ်သုံးဆေးဝါးတွေနဲ့ အသက်အန္တရယ်မဖြစ်အောင် တနည်းတဖုံ ကာကွယ်စောင့်ရှောက် နိုင်ကြပါစေ။

ဝင်းလှိုင်ဦး

ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

ကိုးကား- အင်တာနက်

 

 

ခွေးတွေအတွက် အစားအစာမှာ ကြက်သွန်နီ ထဲ့သင့်သလား

Standard

“ ခွေးတွေအတွက် အစားအစာမှာ ကြက်သွန်နီ ထဲ့သင့်သလား ”

နေ့စဉ်ချက်ပြုတ်ရာမှာ မပါမဖြစ်ဖြစ်တဲ့ ကြက်သွန်နီဟာ ခွေးများကိုကျွေးသော အစားအစာထဲမှာ အဆိပ်သင့်စေနိုင်သဖြင့် မထဲ့သင့်ဖူးဆိုတာ လူတော်တော်များ သိထားကြပေမဲ့ သူ့ကြောင့် ဘာတွေအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို အိမ်မွေးတိရိစ္ဆာန်ချစ်သူများ သိရှိနိုင်ဖို့ ပြန်လည်ဝေငှလိုက်ရပါတယ်။ ဟင်းချက်ရာမှာ မပါမဖြစ်တဲ့ ကြက်သွန်နီကို ခွေး၏အစားအစာထဲတွင် ရောစပ်ကျွေးမိခြင်းဖြင့် စိုးရိမ်ဖွယ်ရာနေမကောင်းဖြစ်ခြင်း၊ ပျို့အန်ခြင်း အစရှိတာတွေဖြစ်စေနိုင်တာကြောင့် ရောဂါလက္ခဏာတွေနဲ့ ပက်သက်တဲ့အကြောင်းအရာများကို ကြိုတင်သိရှိနားလည် ထားရန် အလွန်အရေးကြီးပါတယ်။ 

ကြက်သွန်နီဟာ ခွေးများအတွက် အဆိပ်ဖြစ်ပါတယ်။ သူတို့ရဲ့ (Immune System) ကိုဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ပမာဏအနည်းငယ်ဟာ ခွေးအများစုအတွက် ဆိုးကျိုးသိပ်မသက်ရောက်စေနိုင်ပေမဲ့ နေ့စဉ်သူတို့ စားသုံးနေတဲ့အစာမှာ ပါဝင်နေရင်တော့ သေစေနိုင်သည်အထိ အကျိုးသက်ရောက်နိုင်တာမို့ ကြက်သွန်နီပါဝင်တဲ့ အစားအစာတွေကို လုံးဝဝေးရာ မှာထားပြီး မစားသောက်စေပါနဲ့။ Continue reading